Posted by : Taungzalattmay Sunday 1 March 2015


ပိုမိုပွင့်လင်းလွတ်လပ်လာခြင်းနှင့်အတူ နည်းပညာခေတ်တွင် sexyပုံများ လူမှုကွန်ရက်၌ ပိုမိုနေရာယူလာသည်။(ဓာတ်ပုံ-နစ်ကီ)

မြန်မာအမျိုးသမီးအချို့ ၏ညစ်ညမ်းပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေခြင်း ကို ထိထိရောက်ရောက်အရေးယူ တားဆီးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အဆိုတင်သွင်းမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သတင်းရရှိ သည်။
အမရပူရမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အွန်လိုင်းပေါ်တွင် ဝတ်စားဆင်ယင်မှုများမှာ မောင်နှင့်နှမ၊သားနှင့်အမိ မကြည့်ရဲလောက်အောင် ဆိုးရွားစွာဖြစ်ပျက်နေပြီး ယင်းကဲ့သို့ပုံများကို ရိုက်ကူးခံသူနှင့် ရိုက်ပေးသူများကို ထိရောက်စွာတားဆီး အရေးယူရန် ဖေဖော်ဝါရီ ၂၆ ရက်က အဆိုတင်သွင်းခဲ့သည်။
‘‘ဒီလိုမျိုးအဆိုတင်သွင်းတာကို လက်ခံပါတယ်။ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ဟီရိသြတ္တပ္ပကင်းမဲ့တဲ့ ဒီလိုမျိုးပုံတွေ ကို လူအများကြည့်ရှုနိုင်တဲ့ လူမှု ကွန်ရက်ပေါ်မှာ  တင်ထားတာ တော့ မဖြစ်သင့်ပါဘူး။ လူတကာ ဖုန်းကိုင်နိုင်တဲ့ခေတ်မှာ ဒီလိုမျိုးပုံ တွေကနေတစ်ဆင့် အမျိုးသမီး ငယ်တွေအနေနဲ့ အတုယူမှားပြီး လမ်းလွဲရောက်သွားနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် ဝါသနာပါလို့ ဒီလိုမျိုးပုံတွေကိုရိုက်ကြတဲ့အမျိုးသမီးတွေအနေနဲ့ အများတကာ မြင်နိုင်တဲ့အင်တာနက်စာမျက်နှာ မှာ လုံးဝကိုမတင်သင့်ပါဘူး။ ကိုယ့်ဘာသာကိုယ်သိမ်းထားချင် ရင်တော့ရိုက်ပေါ့’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။
တစ်ဖက်တွင်လည်း လူသားတစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်ခွင့် အပေါ် လွှတ်တော်ကတစ်ဆင့် ထိန်းချုပ်ရန်ကြိုးစားမှုမှာမဖြစ်သင့်ကြောင်း  ပြောကြားမှုများရှိသည်။

‘‘ဒီလိုမျိုးပုံတွေရိုက်တယ်ဆို ကတည်းက သူဘာဆိုတာဖော်ပြ ပြီးသားဖြစ်နေပြီ။ သူ့ရဲ့ဂုဏ် သိက္ခာကို သူ့ဘာသာဖော်ပြနေ တာလေ။ ဒါကို ဘေးကနေပြီး တော့ ဝင်ရောက်တားဆီးတယ်ဆို တာကတော့ မဖြစ်သင့်ပါဘူး။ ကာယကံရှင်ကိုယ်တိုင်က ကျေ နပ်လို့ အရိုက်ခံပြီး လူမှုကွန်ရက် တွေပေါ်တင်နေတာလေ။ သူ့ရဲ့ အခွင့်အရေးတစ်ခုပါပဲ’’ဟု လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက်မှဦးထွန်းဦးက ပြောသည်။
ထို့အပြင် လိင်အသားပေး ရုပ်ပုံများကို လူမှုကွန်ရက်စာမျက် နှာများတွင် မကြာခဏဖော်ပြလေ့ရှိသူ  မော်ဒယ်ဇွန်သဉ္ဇာက ‘‘လွှတ်တော်မှာတင်ပြတယ်ဆိုတာကတော့ ဒါသူတို့အပိုင်းပေါ့။ ဒါသာ အတည်ဖြစ်လာမယ်ဆိုရင်လည်း အစ်မက ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ တကယ်လို့ တရားစွဲပြီးထောင်ချမယ်ဆိုရင်တောင်မှ ကိုယ်လုပ်ချင်တာကို ဆက်လုပ်သွားမှာပါ။ ဓာတ်ပုံဆရာတွေအပိုင်းတော့ မသိဘူး။ ဒီအလုပ်က ကိုယ့်အသက်လောက်ဝါသနာပါလို့ လုပ်တာ။ တစ်သက်တစ်ကျွန်း ချမယ်ဆိုရင်တောင်မှ ဆက်လုပ်မှာပဲ’’ဟု ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်က ဆွေးနွေးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေတွင် တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်လာခြင်းအပေါ်တားဆီးသည့်အချက်  ထည့်သွင်းထားပြီး ထိုအချက်တွင် မြန်မာအမျိုးသမီးအချို့ညစ်ညမ်း ပုံရိုက်ကူးခြင်းကိုအရေးယူရန် ဦးသိန်းထွန်းဦးကအဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို သက်ဆိုင်ရာ ဝန်ကြီးဌာနက မတ်လဆန်းတွင် ပြည်ထောင်စု လွှတ်တော်၌ ပြန်လည်ရှင်းလင်းမည်ဖြစ်သည်။
http://7daydaily.com/story/32796#.VPK1ReaffAp
လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

ငွေလဲနှုန်း/ငွေဈေး

မြန်မာ ဘလော့ များ

http://www.aungsanmks.com/

လယ်တီမြေသား

http://ledimye.blogspot.com/

Popular Post

Pages

Visitors အလည်လာ မိတ်ဆွေများ

အဲလ်ဘီ(ဇလပ်တော). Powered by Blogger.

Bungtla Waterfall

Bungtla Waterfall
MaTuPi,Chin state,Myanmar

Blog Archive

Taungzalattmay
View my complete profile

Archive

Blogger templates

Search This Blog

- Copyright © Taungzalattmay -Robotic Notes- Powered by Blogger - Designed by Johanes Djogan -