Posted by : Taungzalattmay
Thursday 23 April 2015
အခန်း(၁)
၁၉၈၈ခုနှစ် မူကြိုကျောင်းမရှိတဲ့  ရွာလေးမှာ ကျတော်သူငယ်တန်းစတက်ခဲ့ တယ်။ နှစ်မပြည့် တဲ့  ကျတော် ပုံနှိပ်မ၇ှိ ၊ကျောက်သင်ပုန်းရှိသော်လည်းပဲ ၄လက်မ ပတ်လည်မကျော်၊ ဒါပေမယ့်  နေ့ တိုင်းကျောင်းရောက်ဖြစ်ခဲ့ တယ်။ အရေးအခင်းနဲ့ ကြုံလာသည့် အခါ ကျတော် ကျောင်းတက်ဖို့  အကြိမ်ကြိမ် အဖေ့ ကိုပူဆာမိသော်လည်း ကျတော် နှစ်သာကျော်ခဲ့ တယ်။ သူငယ်တန်းနဲ့  မတန်တော့  ။ အဲဒီနေ့ က သြဂုတ်လ (၁၀)ရက် ဖြစ်မည်ထင်သည်။ မြို့ ပေါ်တက်ကျောင်းသား/သူ တွေ အိမ်ပြန်လာကြသည်။နောက် ၁ ပတ်အကြာတွင် အမေခေါ် သည့်  ကျောင်းသားကြီး အဖွဲ့  ၂ ဖွဲ့ ရောက်လာသည်။ နယ်မြို့ နဲ့  အလှမ်းဝေးသည့် ရွာမို့ လို့ လား ဒါမှမပာုတ် အဖေက နိုင်ငံရေိးလုပ်နေလို့ များလား ။ ကျတော်နောက်မှ သိလိုက်ရသည်က မန်းလေးကျောင်းသား တချို့ နဲ့  ရန်ကုန်ကျောင်းသားတွေ ဖြစ်တယ် နောင် သူတို့ လို ပညာတတ်ဖြစ်အောင်သားကြိုးစားရလိမ့်မယ်တဲ့  ။
ကျတော် စာအုပ်တွေ ဖတ်တတ်ချင်တယ် ။ပုံပြင်စာအုပ်တွေ ဘုရားကျောင်းက ဓမသီချင်းစာအုပ်တွေ ကျတော် အရမ်းကိုင်ကြည့်  ဆိုကြည့် ချင်တယ်...အဖေ ဆိုတော့  အဖေကပြောတယ် ကျောင်းသားကြီးတွေကို အဖေပြောပေးမယ် သားစာကြိုးစားမယ်လို့  ဂတိပေး တဲ့ ။ ကျတော် ဂတိပေးပါတယ် အဖေ။ ကျတော် ကျောင်းအရမ်းတက်ချင်နေပြီလေ။ ကျောင်းသားကြီး(အဖေ့အခေါ်)အကူညီနဲ့  ကျတော် စာ စပြီးရေးတတ်ခဲ့  သင်္ချာ အပေါင်းအနှုတ် အစားအမြှောက် လုပ်တတ်လာတယ် ။၁၉၈၉ ကျောင်းတွေ ပြန်ဖွင့် တော့  ကျတော် သူငယ်တန်းကို ၄ လ နဲ့ အတန်းကကျော်ပြီး ပထမတန်း တက်လာခဲ့ တယ်။ သူငယ်တန်းမှ ၄ တန်းထိ ကျောင်းဆရာက တစ်ဦးတည်း ။ ၁နှစ်အတွင်း ဆရာ လေးဦးမျှ လဲလှယ်ရွေ့ ပြောင်းလုပ်ခဲ့ သည့် ရွာလေးတစ်ရွာလေ။ ဒီလိုနဲ့  အတန်းတင် စာမေးပွဲမရှိ အသက်အရွယ်သာကြည့် ပြီး အတန်းတင်သည့်  ပညာရေးစနစ်ကို ကျတော်တို့ ရွာတွင် ကျင့် သုံးခဲ့ ကြသည်။
၁၉၉၂ မှာတော့ ကျတော် ရွာနဲ့  ၁၈ မိုင်လောက်ဝေးကွာတဲ့  မြို့ လေးတစ်မြို့ ကို အဖေက ကျောင်းထားခဲ့ ပြီလေ။ ကျတော် ၀မ်းသာတာပေါ့ ။ ကျတော် ဖတ်ချင်တဲ့  စာအုပ်တွေ ပိတ်ကားပေါ်ကြည့် ချင်တဲ့  ရမ်ဘု ဘရုစ်လီကားတွေ ကျတော် ကြည့် ခွင့် ရတော့မယ်(တတော့ ဒါတွေ ကြည့် ဖို့ ပိုက်ဆံလိုအပ်မှန်း မတွေးမိ)... လို့ တွေးပြီး စိတ်ကူးနဲ့  ရူးခဲ့ တာလေ။ ရွာက သူငယ်ချင်းတွေက အဖေမေကို မခွဲနိုင်လို့  ငိုသူကငို ရွာပြန်တဲ့  သူကပြန်နေပြီ ကျတော်ကတော့  မပြန်ဘူး ။အမေ့ကို လွမ်းရင် အမေပြောပြတဲ့  ကျမ်းစာအုပ်ထဲက ယောသပ်အကြောင်းပုံပြင် တစ်ယောက်ထဲ ပြောချင်ပြော သူငယ်ချင်းတွေ အနားမှာ ရှိရင် သူတို့ ဆီပြောနဲ့  နှစ်ကုန်မှာ ကျတော် ၅တန်းကို အတန်းတင် စာမေးပွဲစနစ်နဲ့  ပထမဆုံးဖြေခဲ့ ပြီလေ။
နောက်တစ်နှစ်တွက် မြို့ ပေါ်နေသူငယ်ချင်းတွေကတော့  စာတွေ စသင်နေပြီ။ ကျတော်ကတော့ အမေ့တောင်ယာမှာ သစ်ငုတ်ပေါ်ထိုင်းရင်း နွေလည်ခေါင်ခေါင် နေပူပူမှာ သီချင်းတွေဆိုရင်း အမေ့ကို ကူရင်းနဲ့ ပေါ့ ။အမေကပြောတယ် အမေရိကန် သမတ အေဗရာပာင်လင်ကွန်းကြီးက မီးဖို့ ချောင်းဘေးမှာ မီးသွေးခဲနဲ့  စာရေးကျင့် ပြီး ကျွန်စနစ်ကို ဖျက်သိမ်းတဲ့  ခေါင်းဆောင်ကြီးဖြစ်လာတာ ..တဲ့ ။ ကျတော် ၆တန်းတက်ဖို့  အောင်စရင်းထွက်ြ့ပီ။ အဖေက ပြောတယ် ငါ့ သားစာမေးပွဲအောင်တယ်ကွ..တဲ့ ။
အဖေ့ အသံအောက်မှာ ကျတော် အတွေးစ ချဲ့ တတ်လာပြီ။ ကျတော် ကျောင်းတက်ရင် ဘာနဲ့  စာအုပ်တွေ ၀ယ်ရမလဲ ဆိုတာ စတွက်ချက်တတ်လာပြီ။ဒါပေမယ့်  ကျတော် ကံကောင်းခဲ့ သည် ၅တန်း အတန်းတင်စာမေးပွဲမှာ အမှတ်ကောင်းလို့ လား (သို့ ) ဘာကြောင့် မှန်းမသိ ထောက်ပံ့ကြေး တစ်နှစ်စာ ၃၀၀ကျပ် ရခဲ့ လို့ လေ။
၁၉၉၃ ဇွန်လ ၁၃ ၊၁၄ ဖြစ်မည်ထင်သည် တစ်ပတ်စာ ကိုယ့် စရိတ်ကို ထမ်းပြီး ကိုယ့် အားကိုကိုး ၁၈ မိုင်ခရီးကို စနှင် ခဲ့ ပြီ။ သောကြာ နေ့ တိုင်းခွင့် တိုင်စာနဲ့  အိမ်ပြန်ခဲ့ သလို တနင်္ဂနွေနေ့ တိုင်း ကိုယ့် စရိတ်ကို ထမ်းပြီး ကျောင်းတက်ရန်ပြန်လာသည့်  ကျတော် ညညငိုခဲ့ တယ်ဆိုတာ အမေသိရင် ကျောင်းနှုတ်မှာသေချာပင်။
အဲလ်ဘီ(ဇလပ်မြေ)။
နောက်ပြန်ဆက်ပါအုံးမည်။