Archive for 05/05/15
အချိန်လွန်အလွမ်း
မေ့မလို့ ပါ တောင်ဇလပ်
ဒါပေမယ့်  အသွေးသားက တောင့်တ
ပန်းချီဆရာတွေ လက်မြှောက်အရှုံးပေးမယ့် 
ကဗျာဆရာတွေ ထိုင်ငိုမယ့်  အဲဒီနေရာပာာ ငါမထားရက်ခဲ့ နိုင်ဘူး။
ကျောခိုင်းထားမလို့ ပါ
ဒါပေမယ့်  နှလုံးသားက လက်မခံတာမို့ 
အချိန်တန်အိမ်ပြန်ချိန်ကို လက်ချိုးနေခဲ့ တာ
ခုဆို လက်၁၀ချောင်းမက ကျောခိုင်းလို့  ထာခဲ့ ပြီ လေ။
အမေက စာပါးခဲ့ တယ်
တောတွေတောင်တွေ ငိုနေပြီတဲ့ 
အိမ်ပြန်ချိန် ပိုဝေးနေသလို အချိန်တွေကုန်လွန်မြန်ခဲ့ တယ်
ဒါပေမယ့်  အချိန်တိုင်းလွမ်းတယ်။