Archive for 02/28/15

တောင်ထိပ်ပန်းဘုရင်

Saturday 28 February 2015
Posted by Taungzalattmay
သဇင်လိုမမွှေးလည်း 
ပန်းပိတောက်လို မကျော်ဇောလည်း 
သူ့ မှာ တန်ဖိုးက သူ့ နေရာနဲ့  သူ
သူ့ ဒေသမှာ သူပာာ ဘုရင်မ.. 
အလှမှာသရဖူဆောင်းနေသူပါ။

ကိုယ့်ထီးကိုယ့် နန်း တောင်ဇလပ်နန်း 
တောင်ထိပ်မှာ သူပာာ
သူ့ ဝိသေသနဲ့  သူပါ.. 
အမြဲလန်းဆန်းပေးပါ ..
အမြဲမော်ကြွားပေးပါ ... ။


ဇလပ်ဖြူ ဇလပ်နီဆိုတာ သွေးစည်းမှုနဲ့  ရိုးသားမှုပါ ...
သစ္စာရှိမှု ၇ဲရင့် မှုလည်း သင့် ဆီမှာ ရှိတာမို့  ...
မော်ကြွားစမ်းပါ ပန်းတောင်ဇလပ်..။ ။




လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ

အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီ ဂူးဂဲလ်သည် ၎င်းတို့၏ ထုတ်ကုန်တစ်ခုဖြစ်သည့် Gmail ကို မြန်မာစာဖြင့် တရားဝင်အသုံးပြုနိုင်ရန် မိတ်ဆက်လိုက်ကြောင်း အတည်ပြု ကြေညာသည်။
ဖေဖော်ဝါရီ ၂၅ ရက်မှစတင်ကာ ပြည်တွင်းရှိ Gmail အသုံးပြုသူများအား မြန်မာဘာသာစကားဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ် ကြောင်း ဂူးဂဲလ်၏ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Mr. Divon Lan က ပြောသည်။
မြန်မာဘာသာစကားသို့ ပြောင်းလဲအသုံးပြုချင်သူများအ နေဖြင့် Language Drop Down Menu မှ Setting သို့ဝင်၍ Myan-mar Language ကို ရွေးချယ်ကာ အသုံးပြုနိုင်သည်။ သို့ရာတွင် Gmail တွင် အသုံးပြုထားသော မြန်မာစာမှာ Unicode ဖောင့်အမျိုးအစားဖြစ်သည်။ ထို့အတွက် ဂူးဂဲလ်သည် မိုဘိုင်းဖုန်း နှင့် သုံးစွဲသူများအား လွယ်ကူစွာရွေးချယ်အသုံးပြုနိုင်ရန်အခမဲ့ Virtual Keyboard နှစ်ခု ထည့်သွင်းပေးထားကြောင်း သိရသည်။
‘‘မြန်မာစကားပြောဆိုသူများ ၀က်ဘ်ဆိုက်မှာ ရင်ဆိုင်နေရတဲ့ ဘာသာစကားအခက်အခဲကိုလျော့နည်းစေဖို့ ဖြစ်ပါတယ်’’ဟု Mr. Divon Lan က ဆိုသည်။
ဂူးဂဲလ်သည် မြန်မာနိုင်ငံ၌ ၂၀၁၃ က အင်တာနက်ပေါ်တွင် မြန်မာဘာသာဖြင့် အကြောင်းအရာများရှာဖွေနိုင်ရန် google.com.mm အမည်ရှိ Search Engine ကို စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် Google Map နှင့် Google Android အက်ပလီကေးရှင်းများ ထုတ်လုပ်ထားသည်။
Gmail တွင် မြန်မာစာဖြင့် အသုံးပြုနိုင်ရန် စီစဉ်လုပ်ဆောင် ခဲ့မှုနှင့် ပတ်သက်၍ ဘလော့ဂ်ဂါကိုနေဘုန်းလတ်က‘‘အင်္ဂလိပ်စာမကျွမ်းကျင်တဲ့သူတွေအတွက် ပိုအဆင်ပြေလာမယ့်နည်းလမ်းတစ်ခုဖြစ်မှာပါ။ နယ်တွေမှာ ပိုအကျိုးရှိမှာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက ဇော်ဂျီဖောင့်ကို ပိုအသုံးများတယ်။ ဂူးဂဲလ်အနေနဲ့ ဇော်ဂျီသုံးစွဲသူတွေကို အဆင်ပြေအောင်လုပ်ပေးမှ ပိုပြီးတွင်ကျယ်လိမ့်မယ်’’ဟု သုံးသပ်သည်။
Credit ;7Day Daily


လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ
၁ ။ http://www.freebookspot.es
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …
၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..
၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..
၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..
၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..
၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …
၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။
၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။
၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။
၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..
၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..
၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …
၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …
၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..
စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် …ကျွန်တော်အနေနဲ့
လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက် …
Infinity Power (IP) 


လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ

အလွမ်းပြေ

Posted by Taungzalattmay

ဘ၀ပာာ သစ်ရွက်ကလေးနဲ့  တူတယ်။
 လေတိုက်တိုင်း လှုပ်ဖို့  တော့မပာုတ်ဘူး။
ခံနိုင်ရည်ရှိဖို့  သင်ယူရမယ့်  ချိန်
အမေ့ခံ ကျောင်းတော်ကြီးကို လွမ်းမိသား။


လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ

 အဝေးမှာ ပျော်နေပါ့ မလား ငါစိုးရိမ်မိတယ်
လွမ်းနေချိန် အထီးကျန်နေချိန် 
ငိုနေချိန် ၀မ်းနည်းနေချိန် ရှိနေပေးတဲ့  သခင်။
ပာာတာတာ နေ့ တွေ အစားထိုးပေး
မှောင်နေတဲ့  ဘ၀ကို အလင်းပေးခဲ့ တဲ့  မေတာ
သူ ပေးခဲ့ တယ်။



လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ
Welcome to My Blog

ငွေလဲနှုန်း/ငွေဈေး

မြန်မာ ဘလော့ များ

http://www.aungsanmks.com/

လယ်တီမြေသား

http://ledimye.blogspot.com/

Popular Post

Pages

Visitors အလည်လာ မိတ်ဆွေများ

အဲလ်ဘီ(ဇလပ်တော). Powered by Blogger.

Bungtla Waterfall

Bungtla Waterfall
MaTuPi,Chin state,Myanmar
Taungzalattmay
View my complete profile

Blogger templates

Search This Blog

- Copyright © Taungzalattmay -Robotic Notes- Powered by Blogger - Designed by Johanes Djogan -