Posted by : Taungzalattmay
Tuesday, 3 March 2015
အိမ်....အမေ့အိမ်ကို လွမ်းတယ်
အမေ့ အသံလေးကြားချင်တယ်
အဖေ့ဆုံးမသြ၀ါဒခံယူချင်တယ်
မိုးရွာရင် လွမ်းတယ်
ညနေစောင်းရင် လွမ်းတယ်။
မိသားစု စုံညီတဲ့  စနေ နေ့ ညကိုလွမ်းတယ်
တနင်္ဂနွေ မနက်ဆို ကြားယောင်မိတယ်
အဖေဆုတောင်းတဲ့  အသံ
အမေ ကျမ်းစာဖတ်တဲ့  အသံ
ခုဆို
တော်တော်ကလေး ဝေးလွင့် ခဲ့ ပြီ။
ညအိပ်ယာ ၀င်ချိန်တိုင်း
သန်ခေါင်ယံ တရေးနိုးချိန်တိုင်း
အမေ့ကို သတိရယ်။
စိုပြေပါစေ အဝေးက အိမ်
သာယာပါစေ အဝေးက ပျော်စရာ အိမ်
အိမ်...
အိမ်ကိုလွမ်းတယ်...။ ။
အဲလ်ဘီ(ဇလပ်မြေ)။