တစ်ခါတစ်ခေါက်မှ မရောက်ဖြစ်သေးတဲ့ ချင်းပြည်နယ်ကို ရောက်ဖူးချင်နေခဲ့တာ ကြာပါပြီ။ ခရီးထွက်တယ်ဆိုတာကလည်း ကိုယ် တစ်ခါမှ မရောက်ဖူးသေးတဲ့အရပ် ဆိုရင် ဒေသခံ မိတ်ဆွေ သူငယ်ချင်းတွေရှိမှအဆင်ပြေတတ်တာ ဆိုတော့ ချင်းပြည်လိုနေရာမှာ မိတ်ဆွေသူငယ်ချင်းက မရှိလေတော့ တော်ရုံနဲ့မရောက်ဖြစ်ခဲ့။ ဒီတစ်ခေါက်တော့ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံး (မြန်မာပြည်မှာတော့ တတိယ အမြင့်ဆုံးလို့ဆိုကြတဲ့ဖြစ်တဲ့ ပေ၁၀၅၀၀မြင့်တဲ့ ဝိတိုရိယတောင် (ခေါ်)ချင်းအခေါ် ခေါ်နုသုမ် (မြန်မာလိုတော့ တောင်တို့ရဲ့ မိခင်တဲ့ နတ်မတောင် လို့ အခုတော့ လူသိများတဲ့ တောင်ပေါ်ကို ရောက်ဖြစ်ခဲ့ပါတယ်။ဒီခရီးကို သွားဖြစ်ခဲ့တာကတော့ အားလပ်ရက်နဲ့ ချိန်ပြီး ဘယ်တွေ ခရီးထွက်ရမလဲ စဉ်းစားနေတုန်းမှာ ဖေစ့်ဘွတ်ပေါ်ကနေ Tango Tour ရဲ့ ချင်းပြည်နယ် ခရီးစဉ် ကြော်ငြာလေးတွေ့ပြီး သိပ်ကိုစိတ်ဝင်စားမိတာနဲ့ ဆက်သွယ်ပြီး သွားဖြစ်ခဲ့တာပါ။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ ချင်းပြည်နယ်လဲ ဖြစ်တယ်။ တောင်လဲ တက်ရမယ်၊ တောင်ဇလပ် ပန်းတွေကိုလဲ မြင်ရမယ်၊ ထင်းရှူးပင် လှလှတွေလဲ တွေ့ရမယ် ၊ တောင်တွေကြားက ချင်းရွာလေးတွေ ဆီလည်း ရောက်မယ် ဆိုတော့ သိပ်ကို ပျော်ရွှင် စိတ်လှုပ်ရှားမိပါတယ်။ဟုတ်တယ်လေ… ကျွန်မ အနေနဲ့ တောင်ဇလပ်ပန်းဆိုတာကို ပုံတွေထဲမှာသာ မြင်ဖူးပေမဲ့ အပြင်မှာ တခါမှမမြင်ဖူးသေးတော့ သိပ်မြင်ဖူးချင် နေခဲ့တာ။ ပြီးတော့လည်း ဒီပန်း ဆိုတာက နေရာ တကာ ပေါက်တာမျိုးမဟုတ်ပဲ အမြင့်ပေ ၅၀၀၀ ကျော် ရှိတဲ့ တောင်တွေပေါ်မှာမှ ပေါက်တာ ဆိုတော့လဲ ကိုယ်ရှိတဲ့နေရာမှာသူကမရှိတော့ သူရှိရာ တောင်ပေါ်ဆီကို ကိုယ်က လိုက်သွားရတော့တာပေါ့။



တောင်ဇလပ်နီနီ

Tango Tour ရဲ့ကြော်ငြာ

Tangoရဲ့FB စာမျက်နှာ
ခရီးစဉ်အစက ရန်ကုန်ကနေ စတာဖြစ်ပေမဲ့လို့ ကိုယ်က ရန်ကုန်ထိ ကားသွားမစီးတော့ပဲ လမ်းတစ်ဝက်ကနေ ဖြတ်စီးဖို့ ကြံစည်ပြီး မိတ္ထီလာနားက ကားရပ်နားစခန်းမှာပဲ ရန်ကုန်က တက်လာမဲ့ ကားကို စောင့်ပြီး စီးဖြစ်ပါတယ်။ ကားက  ၁နာရီလောက် ရောက်လာပါတယ်။ ကားပေါ်တက်ပြီး ခရီးဆက်ခဲ့ရာမှာ ချောက်- ပွင့်ဖြူ- ဆောမြို့တွေကိုဖြတ်လို့ နတ်မတောင်နဲ့ နီးရာ ကန်ပက်လက် မြို့လေးဆီ မနက်ပိုင်း ၁၁နာရီလောက် ဆို ရောက်ပါတော့တယ်။ တောင်ပေါ်ရာသီဥတုကတော့ အေးမြမြနဲ့ နေလို့ကောင်းလှပါတယ်။ တောင်စောင်းတွေမှာ တည်ထားတဲ့ ကန်ပက်လက် မြို့လေးထဲ ဝင်လာပေမဲ့ ကားက ရပ်မသွားပဲ လမ်းခပ်ကျဉ်းကျဉ်း တောင်တက်လမ်း အတိုင်း ဆက်တက်ခဲ့ရာမှာ ပေ၆၀၀၀မှာ တည်ရှိပါတယ်ဆိုတဲ့ Pine Wood Villa ကို ရောက်ရှိ ပါတော့တယ်။ ကန်ပက်လက်မြို့ကတော့ ပင်လယ်ရေပြင်ထက် အမြင့်ပေ ၄၅၆၀ ရှိပါတယ်တဲ့။ ဆိုတော့ ကန်ပက်လက်မြို့ တည်ရှိရာထက် Pine Wood Villa က ပေ ၁၅၀၀လောက် ပိုမြင့်ပါတယ်။ ဒီဟိုတယ်လေးက ကျွန်မတို့ တည်းခိုဖို့ Tango Tour က စီစဉ်ထားပေးတဲ့ ဟိုတယ်လေးပါ။ ဟိုတယ်ရောက်လို့ ကားပေါ်က ဆင်းလိုက်တာနဲ့ နံမည်နဲ့ လိုက်ဖက်အောင်ပဲ ထင်းရှူးပင်တွေ ပတ်လည်ဝိုင်းနေပြီး အနောက်ဖက် တောင်စောင်းလေးတွေမှာတော့ ထင်းရှူးသားတွေနဲ့ ဆောက်ထားတဲ့ ချစ်စရာ ဘန်ဂလိုလေးတွေရှိပါတယ်။ ပြီးတော့ ကျွန်မ သိပ်ကိုမြင်ဖူးချင်ပါတယ်တဲ့ ဆိုတဲ့ တောင်ဇလပ်ပန်း နီနီလေးတွေဟာ Pine Wood Villa ရဲ့ အရှေ့မျက်နှာစာမှာရယ်၊ ဘန်ဂလိုလေးတွေ အနားမှာပွင့်နေတော့တာပါပဲ။ တောင်ဇလပ်နီနီတွေကို  တွေ့လိုက်ရရင်ပဲ ပျော်လွန်းလို့ အသံထွက်ပြီးတောင် ရေရွတ်မိတဲ့အထိ။ ဘယ်လောက်များ ချစ်စရာ ကောင်းတဲ့ တောင်ဇလပ်ပန်းလေးတွေလဲ။






Pine Wood Villaအဝင်


Pine Wood Villa အကြောင်းကိုတော့ နောက်များမှ သီးသန့်စာတစ်ပုဒ်လောက် ရေးဖြစ်မယ် ထင်ပါတယ်။ ဟိုတယ်မှာ တစ်ညအိပ်ပြီးလို့ နောက်နေ့မနက်မှာ တောင်တက်ကြဖို့အတွက် မနက်စာ စောစောစားကြပါတယ်။ တောင်ပေါ်မှာ နေ့လည်စာ စားဖို့အတွက်တော့ ကြာဆန်ကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော် စသဖြင့် မိမိနှစ်သက်ရာကို ညကတည်းက စာရင်းပေး မှာယူနိုင်ပြီး မှာထားတဲ့အတိုင်း ဖော့ဗူးလေးတွေနဲ့ တစ်ယောက်တစ်ထုပ်စီ ထုပ်ပေးထားပါတယ်။ မိမိရိက္ခာကို မိမိသယ်ပိုးရမှာ ဖြစ်ပါတယ်။ ရေတစ်ဗူးရယ်၊ ကြာဆန်ကြော် တစ်ထုပ်ရယ်၊ ကင်မရာ ၊ လဲန်းစ် စတဲ့ ကိုယ်ပိုင် လက်နက်တွေရယ်ကို ကျောပိုးအိပ်ထဲ ထည့်ပြီး တောင်တက်ခရီးကို စတင်ဖို့ ထွက်ခဲ့ပါတယ်။ ဝိတိုရိယတောင် လို့ ခေါ်တဲ့ နတ်မတောင် အတက် လမ်းဟာ ခုဆိုရင် ကားလမ်းတွေ ပေါက်နေပြီဖြစ်လို့ ကားနဲ့လည်း တက်နိုင်ပြီ ဖြစ်ပါတယ်။ ကျွန်မတို့ အဖွဲ့တွေ ကတော့ ဟိုတယ်ကနေ တောင်ခြေ ၁၀မိုင်ခန့်အထိကို ကားနဲ့ တက်ခဲ့ကြပြီး နောက်ထပ် ကျန်နေသေးတဲ့ ၃မိုင်ကျော်ကိုတော့ ခြေလျှင် တက်ကြမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကား ဆိုရင်တော့ တောင်ထိပ်ထိ ကားနဲ့ တက်နိုင် ပါတယ်။ ကားကြီးတွေကတော့ တက်လို့မရပါဘူး။ တောင်တက်တဲ့သူတွေ များရင် ဆိုင်ကယ်ကယ်ရီသမားလေးတွေ ရှိနေတတ်ပြီး တစ်ချို့ကတော့ ဆိုင်ကယ်နဲ့ တောင်ထိပ်ထိ တက်ကြပါတယ်။ လမ်းတစ်လျှောက် ဓာတ်ပုံရိုက်ချင်တာရယ်၊ သဘာဝ အလှတွေကို အေးအေးဆေးဆေး ခံစားချင်တာရယ်၊ ကိုယ်တိုင် ခြေလျှင်တက်ချင်တာရယ်ကြောင့် အတက်ရော၊ အဆင်းရောကို ခြေလျှင်ပဲ တက်ဆင်း ဖြစ်ခဲ့ပါတယ်။


 ကားတွေ ဒီနေရာမှာ ရပ်ကြပါတယ်။ 






ခြေလျှင် စတက်တဲ့ နေရာပါ။ ဒီနေရာမှာတော့ အမြင့်ပေ ၁၀၂၀၀ လို့  ရေးထား aပမဲ့ တောင်ပေါ် ရောက်ပြန်တော့ ပေ ၁၀၅၀၀ ဆိုပြီး ရေးထားပါတယ် ။ အပေါ်နဲ့အောက် ၃မိုင်ကွာဝေးတော့ အချိတ်အဆက် နည်းနည်း လွှဲသွားပုံရပါတယ် :)















အတူသွားခဲ့သူအချို့နှင့် အမှတ်တရ (ဒီပုံကိုတော့ Tango Tour ရဲ့ page ကနေ ယူလာတာပါ) :)


လမ်းတစ်လျှောက် ဓာတ်ပုံတွေရိုက်လိုက်၊ ရှူခင်းတွေ ထိုင်ငေးလိုက်နဲ့ မောလို့ မောမှန်း မသိအောင်ပါပဲ။ အထပ်ထပ် ရှိနေတဲ့ တောင်အသွယ်သွယ်၊ အနိမ့်အမြင့် မညီမညာ တောင်စဉ်တောင်တန်းကြီးတွေ၊ တောင်တန်းတွေကြားက ကွေ့ကွေ့ ကောက်ကောက် လမ်းကလေးတွေ၊ အစုလိုက် ပေါက်နေတဲ့ ထင်းရှုးပင်တွေ၊ နှစ်တမ်း ရှည်ကြာလှပြီဖြစ်တဲ့ ဝက်သစ်ချပင်ကြီးတွေ၊ တစ်ချို့လဲ ပင်လုံးကျွတ်၊ အချို့လည်း အပွင့်ခပ်ကြဲကြဲ ပွင့်နေကြတဲ့ တောင်ဇလပ်တွေဟာ လှပလွန်းတဲ့ တကယ့် သဘာဝ ပန်းချီကားတွေပါပဲ။ လျှောက်နေတဲ့ လမ်း၂ဖက်လုံးမှာ တောင်ဇလပ်တွေ ပွင့်နေတာဟာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုကို ရောက်သွားသလို ခံစားရစေပါတယ်။ ခုချိန်မှာ မျက်စိလေးမှိတ်လို့ ပြန်စဉ်းစားလိုက်ရင်တော့ အဲဒီမြင်ကွင်းလေးတွေက မျက်စိထဲမှာ ပြန်မြင်ယောင်လို့ လာပါတယ်။  တောင်တက်လမ်း တစ်လျှောက်မှာ လှပပြီး ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်နေတဲ့ ထင်းရှူးပင်ကြီးတွေ၊ ရဲရဲနီအောင် ပွင့်ဝေနေတဲ့ တောင်ဇလပ်ပန်းပင်တွေရယ်ဟာ တကယ်ကို ရှုမဆုံးနိုင်လောက်အောင်ပါပဲ။ တဖြေးဖြေးနဲ့ တောင်ထိပ် ရောက်ခါနီးလာလေ ထင်းရှူးပင်တွေ ကျဲပါးလာပြီး တောင်ဇလပ်ပန်းပင်တွေကိုသာ ပိုလို့ တွေ့ရပါတော့တယ်။နတ်မတောင်ဟာ ဘယ်လောက်တောင် လှတယ်ဆိုတာ အောက်က ပုံလေးတွေကိုသာ ကြည့်ကြပါတော့နော်။ 



လမ်းတစ်လျှောက်မှာ တောင်ဇလပ်ပန်းတွေကို ငေးမောနိုင်တယ်။ သစ်ရွက်လေတိုးသံတွေကိုလည်း ကြားရနိုင်တယ်။ ကျေးငှက်ကလေးတွေရဲ့ သီကျူးသံလေးတွေကိုလည်း နားဆင်ရနိုင်ပါတယ်။ 























တောင်စောင်းတစ်ခုလုံး တောင်ဇလပ်တွေ ၊ ခပ်ဝေးဝေးမှာတော့ ပြာရီမှိုင်းနေတဲ့ ချင်းတောင်တန်းတွေ

တောင်ထိပ်ရောက်ခါနီးလာတဲ့အခါ လေကလည်း ခပ်ပြင်းပြင်းတိုက်ပါတယ်။ လေတိုက်တော့ ကိုယ့်ခေါင်းပေါ်မှာ တိမ်ဖြူဖြူတွေ လျင်လျင်မြန်မြန်ပြေးလွှား ရွေးလျားနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ တောင်ဇလပ် နီနီတွေကြားက မြင်ရတဲ့ တိမ်တွေရဲ့ ပြေးပွဲလို့တောင် ဆိုချင်ပါတယ်။ 










ဒီနေရာလေးကတော့ တောင်စောင်းတလျှောက်လုံး တောင်ဇလပ်ပင်တွေချည်းဖြစ်နေတော့ ဓာတ်ပုံရိုက်လို့ အရမ်းကို လှတာပါပဲ။

တောင်စောင်းအောက်နား ဆင်းရိုက်ရတော့ လိမ့်မကျအောင် သတိထားပြီး သစ်လုံးလေး ခြေကန်လို့ ဒီလိုလေး ရိုက်ခဲ့ရပါတယ်။ (ဒီပုံကတော့ ကျွန်မ ဓာတ်ပုံရိုက်နေတုန်းမှာ Tango Tour က မောင်ငယ်တစ်ယောက်က အမှတ်တရ ရိုက်ထားပေးတာပါ)




 တစ်ပင်လုံး ပွင့်နေတဲ့ တောင်ဇလပ်ပင်လေး




















 တောင်ပေါ်က ပြန်ဆင်းလာသူတွေနဲ့ အတက်သမားတို့ ဆုံကြပါတယ်။ ဆင်းလာသူကို တက်နေတဲ့သူတွေက  ဝေးသေးလား နီးပြီလား၊ ရောက်တော့မှာလားလို့ မေးကြမြန်းကြပေါ့။ 


နတ်မတောင်ဟာ ၁၂နဲ့ ၁လပိုင်းတို့မှာတော့ ချယ်ရီတွေ တစ်တောင်လုံး ပွင့်ဝေတတ်ပြီး ၁လ၊ ၂လနဲ့ ၃လပိုင်းတို့မှာတော့ ခုလို တောင်ဇလပ်တွေ ပွင့်တဲ့အချိန် ဖြစ်ပါတယ်။ ၄လနဲ့ ၅လပိုင်းမှာတော့ သစ်ခွတွေ ပွင့်ချိန်ဖြစ်လို့ တောင်ပေါ်က သစ်ပင်တွေပေါ်မှာ သစ်ခွမျိုးစုံ ၊ အရောင်စုံကို တွေ့ရတတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှားပါးငှက်တွေ၊ လှပတဲ့ ငှက်တွေကိုလည်း သေချာကြည့်မယ်ဆိုရင် သစ်ပင်တွေပေါ်မှာ မြူးပျော်နေကြတာကို တွေ့နိုင်ပါသေးတယ်။ ဒါကြောင့်လည်း ငှက်ဝါသနာရှင်များလည်း နတ်မတောင်ကို လာရောက်တတ်ကြပါတယ်။ တောင်တက်လမ်း တစ်လျှောက်မှာ နိုင်ငံစုံက နိုင်ငံခြားသားတွေလည်း အုပ်စုလိုက် တက်နေတာ တွေ့ရပါတယ်။ သူတို့တွေဟာ တောတောင်ရေမြေ သဘာဝတရားရဲ့ အလှအပတွေကို ခံစားလေ့လာဖို့ တကူးတက ရောက်ရှိလာကြသူတွေပါ။ တစ်ချို့ဆို တောင်ထိပ်မှာ ညအိပ်ကြပါတယ်။  ပေ၁၀၅၀၀ အမြင့်ရှိတဲ့ တောင်ထိပ်ကို ရောက်သွားတဲ့အခါမှာ တောင်ထိပ်မှာ ဘာတွေရှိတယ် ၊ ဘာတွေ တွေ့ရမယ် ဆိုတာကိုတော့ နောက်ထပ် ပိုစ့်တွေမှာ ဆက်ပြီး ဖော်ပြ ပေးသွားပါမယ်နော်။ ဒီဘလောဂ့်မှာ စာမတင်ဖြစ်တာ လာမဲ့ ဧပြီဆို တစ်နှစ်ပြည့်တော့ပါမယ်။ ဘလောဂ့်လေးမှာ စာတွေရေးဖို့ သတိတရ လာပြောတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ 



http://www.missgreenlady.com/2015/02/blog-post.html ဒီဆိုဒ်က မလာတာ  ဖတ်ကြည့် ကြနော်။

လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ
Posted by Taungzalattmay

ရုပ်ရှင်

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ရုံတင်ကား၊ ပွဲချိန်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို လွယ်ကူ မြန်ဆန်စွာ သိနိုင်ဖို့ ရုပ်ရှင် app ကို သုံးကြစို့။



လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ

20 ရာစုအထူးခြား ဆုံးမြန်မာ စာအုပ် များ
====================================

မိမိပါတ်ဝန်းကျင် မှာ ရှိနေတဲ့ စာအုပ်ကလေး တွေ ကို တန်ဖိုး ထား

တတ် စေဖို့ နင့်  အကျိုးရှိတဲ့ စာပေ လေး တွေ ကိုစုဆောင်း 

ထားနိုင်ဖို့ ပြန်လည်မျှဝေ တာပါ။ အောက်ပါ စာအုပ် များ ကို

ကျ နော်တို့ မြန်မာစာအုပ် စင် အနေ နဲ့ လက်လှမ်း

မှီသလောက်လိုက်လံစုစည်းလျက် ရှိ နေ ပါ တယ်။ စာဖတ်သူ မိတ် ဆွေ

တို့ အနေ နဲ့ စာအုပ်ကလေး များ ကို လှူ ဒါန်း ချင်

တယ် ဒေါင်းလုပ်လင့် လေးတွေ ကူညီချင် တယ် ဆို ရင် မြန်မာစာအုပ်စင် ကို

Message ပေးပို့ လှူ ဒါန်း နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

၁။ မောင်ရင်မောင် မမယ် မ (၁၉၀၄ ) ဂျိမ်းလှကျော်

၂။ ချဉ်ပေါင်ရွက်သည်မောင် မှို င်း (၁၉၀၄ ) ဝန်ကြီးစာရေး ။

၃။ ပဏ္ဍိတဝေဒ နီယဒီပနီ ကျမ်း ( ၁၉၀၅ ) ဦးတိလောက။

၎။ ရွှေပြည်စိုး (၁၉၁၄ ) ဦးလတ်

၅။ ခင်မြင့် ကြီး (၁၉၁၄ ) လယ်တီပဏ္ဍိတဦးမောင်ကြီး။

၆။ မှားတော်ပုံ (၁၉၁၅ ) ( သခင် ကိုယ်တောင် မှို င်း )

ရ။ စုံထောက်ဦးစံရှား (၁၉၁၇ ) ရွှေဥဒေါင်း။

၈။ နေရီရီ ( ၁၉၂၀ ) ပီမိုးနင်း။

၉။ မြန်မာမင်းအုပ်ချူ ပ် ပုံ စာတမ်း (၁၉၂၄ ) ပုဂံဝန်ထောက်ဦးတင်

၁၀။ မဟာဂီတပေါင်းချူ ပ် ( ၁၉၂၅ ) ဦးပြုံးချို

၁၁။ ပါးစပ်ရာဇဝင် (၁၉၂၆ ) မှော်ဘီဆရာသိန်း။

၁၂။ နားခံတော် (၁၉၃၂ ) ရွှေစကြာဦးစိုးမြင့် ။

၁၃။ သီပေါ်မင်းပါတော်မူအရေးတော်ပုံ (၁၉၃၅ ) အမျိုးသားဝန်ဦးဖိုးကျား

၁၄။ ဒို့ မေမေ ( ၁၉၃၅ ) မဟာဆွေ

၁၅။ ဘာလဲ့ ဟဲ့ လောကဓံ (၁၉၃၅ ) ဦးထွန်းလှ

၁၆။ ကောလိပ်ကျောင်းသား (၁၉၃၅-၃၆ ) ဇဝန

၁၇။ မြန်မာစာပေသမိုင်း (ဦးဖေမောင်တင် )

၁၈။ မြန်မာနိုင်ငံရေးရာဇဝင် (၁၉၃၈) ဖေဘီယန်ဦးဘခိုင်

၁၉။ ပန်းသာမစာဥ (၁၉၃၈ ) သခင်ဘသောင်း

၂၀။သူ (၁၉၃၈-၄၀ )ရွှေလင်းယုန်

၂၁။ ဓနလောက ( ၁၉၃၉ ) သခင်ဗဟိန်း

၂၂။ ပီမိုးနင်း၏ ပီမိုးနင်း ( ၁၉၄၀ ) ပီမိုးနင်း

၂၃။ မေ ( ၁၉၄၁ ) ဒဂုန်တာရာ

၂၄။ ဓါး (၁၉၄၃ ) မင်းဆွေ

၂၅။ ငါးနှစ်ရာသီမြန်မာပြည် ( ၁၉၄၆ ) ဦးနူ

၂၆။ ငဘ (၁၉၄၇ ) မောင်ထင်

၂၇။ သူလိုလူ ( ၁၉၄၇ ) ဂျာနယ်ကျော်မမလေး

၂၈။ မိတ္တဗလဋီကာ (၁၉၄၉ ) ဦးနူ

၂၉။ တစ်ထောင်းတစ်ညပုံပြင်များ ( ၁၉၅၀ ) သခင်ဘသောင်း

၃၀။ ဆင်ယင်ထုံးဖွဲ့ မှူ ( ၁၉၅၁ ) ရွှေကိုင်းသား

၃၁။ ရုပ်စုံဗုဒ္ဒသာသနာဝင် ( ၁၉၅၁ ) ပန်းချီ ဦးဘကြည်

၃၂။ ကိုယ်ကျင့် အဘိ ဓမ္မာ(၁၉၅၁ ) အရှင်ဇနကဘိဝံသ

၃၃။ စစ်အတွင်းခရီးသည် ( ၁၉၅၁ ) သိန်းဖေမြင့် 

၃၄။ သံနှင့် သွေး ( ၁၉၅၁ ) နန္ဒ

၃၅။ ကမ္မလ (၁၉၅၁ ) တင့် တယ်

၃၆။ ဒဂုန်တာရာ ၏ဒဂုန်တာရာနှင့် သူ၏ကဗျာ (၁၉၅၂ ) ဒဂုန်တာရာ

၃၇။ ဥတမ္မပုရိသဒီပနီ (၁၉၅၂ ) လယ်တီဆရာတော်

၃၈။ စာဆိုတော် ( ၁၉၅၂ ) ဒဂုန်ခင်ခင်လေး

၃၉။ နွမ်လျ အိမ်အပြန် (၁၉၅၂ ) ကြည်အေး

၄၀။ လေးချိုးပေါင်းချူ ပ် (၁၉၅၅ ) သခင်ကိုယ်တော်မှို င်း

၄၁။ သုတေသနသရုပ်ပြအဘိဓန် (၁၉၅၅ ) အရှင်ဦးသြဘာသဘိဝံသ

၄၂။ ရုပ်ပုံလွှာ (၁၉၅၅ ) ဒဂုန်တာရာ

၄၃။ မုန်းရ်မဟူ (၁၉၅၅ ) ဂျာနယ်ကျော်မမလေး

၄၄။ အရှေ့ ကနေဝန်းထွက်သည့် ပမာ (၁၉၅၈ ) သိန်းဖေမြင့် 

၄၅။ မြို င် (၁၉၅၈ ) ဗန်းမော်တင်အောင်

၄၆။ လှောင်ချို င့် အတွင်းမှ ငှက်ငယ် များ ( ၁၉၅၈ ) လူထု ဦးလှ

၄၇။ မွေး (၁၉၅၉ ) ခင်နှင်းယု

၄၈။ သူ့ ကျွန်မခံပြီ ( ၁၉၅၈ ) တက္ကသိုလ် ဘုန်းနိုင်

၄၉။ ငွေတာရီကဗျာ ၁၀၀ ( ၁၉၆၀ ) ငွေတာရီ

၅၀။ ကလျာ မိမိမုန်း (၁၉၆၀ ) ဒေါင်းနွယ်ဆွေ

၅၁။ အရိုင်းစံပယ် (၁၉၆၀ ) အောင်လင်း

၅၂။ ဒိဠေဒိ`ဠ မတ္တံ လက်တွေ့ ကျင့် စဉ် ( ၁၉၆၀ ) ရွှေဥဒေါင်း

၅၃။ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ (၁၉၆၁) ရွှေဥဒေါင်း

၅၄။ ဘဝနှင့် စာပေ ( ၁၉၆၁ ) တက်တိုး

၅၅။ မြန်မာနိုင်ငံတော်သမိုင်း ( ၁၉၆၁ ) ဗန်းမော်တင်အောင်

၅၆။ သိပ္ပံ မောင်ဝ၏ဆောင်းပါးများ (၁၉၆၁ ) သိပ္ပံ မောင်ဝ

၅၇။ မြန်မာ့ မျက်ပွင့်  ( ၁၉၆၁ ) ဇေယျ

၅၈။ ရဗင်ဒြာနတ်ဒဂိုး၏စာပဒေသာ ( ၁၉၆၁ ) မောင်ဖြူး

၅၉။ ဒို့ တိုင်း~ဌာနီ (၁၉၆၁ ) ခင်ဆွေဦး

၆၀။ စာဆိုတော်]အတ္တု ပတ္တိ (၁၉၆၂ ) မောင်သုတ

၆၁။ တစ်ကွေ့ ကွေ့ တော့ တွေ့ အုံးမည် ( ၁၉၆၂ ) နတ်နွယ်

၆၂။ ဗုဒ္ဒနှင့် ဗုဒ္ဓ ဝါဒ (၁၉၆၃ ) ဦးအေးမောင်

၆၃။ ဘောဂဗေဒလက်ရွေးစင် (၁၉၆၃ ) မောင်စူးစမ်း

၆၄။ ကိုတံငါ ( ၁၉၆၄ ) ကြယ်နီ

၆၅။ ပြည်သူချစ်သောအနူပညာသည်များ ( ၁၉၆၄ )လူထုဒေါ် အမာ

၆၆။ သိဒ္ဓ တ္တ ( ၁၉၆၄ ) ပါရဂူ

၆၇။ စစ်နှင့် ငြိမ်းချမ်းရေး ( ၁၉၆၅ ) မြသန်းတင့် 

၆၈။ ဘယ်ပန်းချီရေး လို့ မမှီ ( ၁၉၆၅ ) သိန်းသန်းထွန်း

၆၉။ မြန်မာပြည်သား ( ၁၉၆၆ ) ရန်ကုန်ဘဆွေ

၇၀။ အင်္ဂလိပ်မြန်မာစစ်သမိုင်း ( ၁၉၆၆ ) နတ်မောက်ဘုန်းကျော်

၇၁။ ပရိတ်ကြီးနိသယသစ် (၁၉၆၆ ) အရှင်ဝေါသေဋာဘိဝံသ

၇၂။ စာပေသဘောတရား စာပေဝေဖန်ရေးနှင့် စာပေလှုပ်ရှားမှူ့  (၁၉၆၇ )

ဒဂုန်တာရာ

၇၃။ ပလေတိုနိဒါန်း ( ၁၉၆၇ ) ဇော်ဂျီ

၇၄။ ပင်လယ်ပြာနှင့် တံငါ အို ( ၁၉၆၈ ) မောင်ဆုရှင်

၇၅။ ပထမမြန်မာများ ( ၁၉၆၈ ) မင်းယုဝေ

၇၆။ ထင်းရှူးပင်ရိပ် ( ၁၉၆၈ ) မောင်သာနိုး

၇၇။ မြန်မာဎတ္တူ အညွန်း (၁၉၆၈ ) မလိခ

၇၈။ ပန်းချီခရီးသည် ( ၁၉၆၈ ) ပန်းချီ မောင် ငွေထွန်း

၇၉။ အမေ ( ၁၉၆၉ ) တောင်တွင်း ကိုကို ကြီး

၈၀။ ဦးလေးတွမ် ( ၁၉၆၉ ) ကျော်လှို င် ဦး

၈၁။ ရေနံ့ သာခင်ခင် ကြီး (၁၉၆၉ ) မောင်သိန်းဆိုင်

၈၂။ ခရီးသွားဆောင်းပါးများ ( ၁၉၆၉ ) မောင်မဲ

၈၃။ ခရီးဝင်္ကံ ပါ ( ၁၉၇၀ ) စိန်စိန်

၈၄။ အနော်ရထာအရင်ကမြန်မာနိုင်ငံ (၁၉၇၁ ) ဗိုလ်မှူးဘရှင်

၈၅။ သုခမှတ်စု ( ၁၉၇၁ ) သုခ

၈၆။ မြန်မာစာမိတ်ဖွဲ့  ( ၁၉၇၁ ) တိုက်စိုးနှင့် မင်းယုဝေ

၈၇။ ဓမ္မဝိလာသ (၁၉၇၁ ) လင်းယုန်သစ်လွင်

၈၈။ ကမ္ဘာ့ ဝတ္တု တို များ ( ၁၉၇၂ ) မောင်ထင်

၈၉။ မြတ်ဘုရားရွှေတိဂုံ ( ၁၉၇၂ ) မောင်ဆုရှင်

၉၀။ မင်းသားလေ ( ၁၉၇၂ ) ခင်လေးမြင့် 

၉၁။ မြန်မာနိုင်ငေံစာပေဆုများ ( ၁၉၇၂ ) ဒဂုန်ရွှေများ

၉၂။ လောဘမြစ်ပင်လင် ( ၁၉၇၃ ) ဖိုးကျော့ 

၉၃။ ယောနသံဇဉ် ( ၁၉၇၃ ) ဓမ္မိကဘသန်း

၉၄။ ကဗျာ့ နရီ နှင့် နိမိတ်ပုံ ( ၁၉၇၃ ) မြဇင်

၉၅။ ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်မည် ( ၁၉၇၃ ) မြသန်းတင့် 

၉၆။ ပျောက်သောလမ်းမှာ စမ်းတဝါးဝါး (၁၉၇၄ ) မိုးမိုး အင်းယား

၉၇။ စာကိုးစကားကိုး ( ၁၉၇၄ ) တိုက်စိုး

၉၈။ စာပေဆုရဝတ္တု တိုများ ( ၁၉၇၄ ) တိုက်စိုး

၉၉။ ဖေမောင်တင်(သို့  ) ဘသက်ရှည် ( ၁၉၇၅ ) မလေးလုံ

၁၀၀။ဘဝနှင့် အတွေ့ အကြုံ (၁၉၇၅ ) ဒဂုန်ရွှေမြှား

၁၀၁။ပင်လယ်ဝံပုလွေ (၁၉၇၅ ) ညွန့် ကြူး

၁၀၂။စည်းအပြင်ကလူ (၁၉၇၅ ) ထင်လင်း

၁၀၃။အသစ်မြင်မြန်မာ့ သမိုင်း ( ၁၉၇၅ ) ဒေါက်တာသန်းထွန်း

၁၀၄။အိန်စတိန်းနှင့် သူ၏ဓမ္မ များ (၁၉၇၅ ) ဗန်းမော်မောင်တင်

၁၀၅။ရသစာပေနှင့် အဖွင့် နိဒါန်း ( ၁၉၇၆ ) ဇော်ဂျီ

၁၀၆။မြန်မာစာပေဘာလဲ ဘယ်လဲ ( ၁၉၇၆ ) မောင်စွမ်းရည်

၁၀၇။အကောင်းမြင်သမား (၁၉၇၆ ) ကျော်အောင်

၁၀၈။လေရူးသုန်သုန် (၁၉၇၈ ) မြသန်းတင့် 

၁၀၉။ရိုးရာမှသည် ခေတ်သစ်သို့  ( ၁၉၇၈ ) ဗဂျီအောင်စိုး

၁၁၀။စစ်ကိုင်းဦးဘိုးသင်း၏ကိုယ်တိုင်ရေးအတ္တု ပတ္တိ

(၁၉၇၉ )စစ်ကိုင်းဦးဘိုးသင်း

၁၁၁။ကုန်းဘောင်ရှာပုံတော် (၁၉၈၂ ) ညို မြ

၁၁၂။ကြည်အေး၏ကဗျာ များ ( ၁၉၉၀ ) ကြည်အေး

၁၁၃။ဗုဒ္ဓ ( သို့ မဟုတ် ) အနိုင်းမဲ့  (၁၉၉၆ ) ဦးရွှေအောင်

၁၁၄။ဇော်ဂျီကဗျာပေါင်းချူ ပ်(၁၉၉၈ ) ဇော်ဂျီ

၁၁၅။စာပေသဘောတရားအခြေ ခံကျမ်း ( ၁၉၉၈ ) ဇော်ဇော်အောင်

၁၁၆။အကြို က်ဆုံး ဝတ္တု တိုများ နှင့် သုံးသပ်ချက် များ (၁၉၉၅ ) အောင်သင်း

 http://myanmarebookstore.blogspot.com/2014/09/20.html


လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ


ဒေါက်တာသန်းထွန်း (သမိုင်း)စာအုပ်များ စုစည်းမှူ့ 
===================================

.သမိုင်း အကြောင်း လေ့ လာ တော့ မယ် ဆို ရင် ကျောင်း သင်ရိုး ထဲ က

စာတွေ နဲ့ မလုံလောက်တော့ ဘူး.....အပြင်စာတွေ များ များ ဖတ် ရ မယ်....

ဒေါက်တာ သန်း ထွန်း ရဲ့ သမိုင်း စာအုပ် များ ကို GOOGLE Drive မှာ

Folder အလိုက် တင် ထား ပေး ပါတယ်။ အသုံးပြု လိုသူများ အနေ

နဲ့ မိမိနှစ်သက် တဲ့ စာအုပ်များ ကို ဒေါင်းယူသွားနိုင်ပါတယ်။

ငယ်ငယ် တုန်း က သမိုင်း အချိန် ဆရာမ စာသင် တာ နဲ့ စာရွက် ကျော် ပြီး ဖတ်

တတ် တဲ့  မြန်မာစာအုပ်စင်က admin ပါ။ သမိုင်း တွေ ကို သိပ် လေ့ လာ

ချင် ပေ မဲ့  လက်လှမ်း မမှီ ခဲ့ ဘူး လေ...ယခု လို အဆင်ပြေ ပြေ လေ့ လာ လို့ 

ဖတ် လို့ မှတ် လို့  ရ လာ တဲ့ ခေတ် ကြီး ထဲ မှာ တော့  မိမိ လို မဖြစ် ရအောင်

လက်လှမ်း မှီ သလောက် စာအုပ်တွေ ကို စုစည်းပြီးမပျောက်မပျက်အောင်

ထိမ်း သိမ်း ပေး ထား ပါတယ်။စာပေ ချစ် သူများ Welcome ပါ။

(၁)နယ်လှည့်ရာဇ၀င်

(၂)ဒေါက်တာသန်းထွန်းစာတမ်းများ

(၃)မြန်မာဆိုတာ

(၄)ငါပြောချင်သမျှ ငါ့အကြောင်း

(၅)မြန်မာသမိုင်းအတိုအထွာ

(၆)The Royal Orders of Burma A.D. 1598-1885
PART FOUR, A.D. 1782-1787 (Part IV)

(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၄)

(၇)The Royal Orders of Burma 1598-1885
PART THREE, A.D. 1751-1781(Part
III)

(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၃)

(၈)THE ROYAL ORDERS OF BURMA, A.D. 1598-1885
PART TWO, A.D. 1649-1750 (Part
II)(တော်ဝင်အမိန့်တော်ပြန်တမ်းများ-အတွဲ ၂)

(၉)THE ROYAL ORDERS OF BURMA, A.D.1598-1885
PART ONE , A.D.1598-1648 (Part I)

(တော်ဝင်အမိန့်ပြန်တမ်းများ-အတွဲ ၁)


ဒေါက်တာသန်းထွန်းစာအုပ်များဒေါင်းရန် >>https://drive.google.com/folderview?id=0BwweIhOlEIprVFd4VTdzTFhKX2c&usp=sharing
လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ



စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈ ခု ။။။
=======================================

စာအုပ် တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites

ကလေးတွေတွေ့လို့ပြန် ပြီးတော့ မျှလိုက်ပါတယ်.. မြန်မာ 

ဆိုဒ်တော့မဟုတ်ပါဘူး.. ဒါပေမယ့် တချို့ ဆိုဒ်တွေ ထဲမှာ မြန်မာလို စာအုပ်တွေ

Upload တင်ထားတာတွေ ရှိတော့ မြန်မာ စာအုပ်ပါ ရှာလို့ရမယ်ထင်ပါတယ်..

၁ ။ http://www.freebookspot.in/
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီး
တော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ
ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.
ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူများ အတွက် အထူး သင့်လျော်တဲ့ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း
ရှာဖွေတွေ့ ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့
Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ
တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်
ဘူး ထင်ပါတယ် ..

၁၄ ။ http://www.bookyards.com/
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်
ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com/
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

စာအုပ်တွေကို တော့ Online မှာ တခြားနေရာက ဆိုဒ်တွေမှာလည်း ရှာနိုင်ပါတယ် …ကျွန်တော်အနေနဲ့
လည်း အဲဒီ့ ဆိုဒ်ကလေးကနေတွေ့လို့ သဘော ကျလို့ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ် …
ကိုယ်လိုချင်တဲ့စာအုပ်တွေကိုလည်း အလွယ်တကူ ရှာတဲ့ အခါမှာ အကူအညီ ပြုမယ်ထင်ပါတယ် ..
အဆင်ပြေပါစေလို့ ဆုတောင်းလျက် …http://myanmarebookstore.blogspot.com/2014/08/website.html


လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ

ရိုးရာလေး

Posted by Taungzalattmay
အထပ်လိုက်ရောက်လာတာ 



လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ




လာလည်မှုတွက်ကျေးဇူးတင်ပါတယ်{ ဒီမှာ } သွားလိုက်ပါ
Welcome to My Blog

ငွေလဲနှုန်း/ငွေဈေး

မြန်မာ ဘလော့ များ

http://www.aungsanmks.com/

လယ်တီမြေသား

http://ledimye.blogspot.com/

Popular Post

Pages

Visitors အလည်လာ မိတ်ဆွေများ

အဲလ်ဘီ(ဇလပ်တော). Powered by Blogger.

Bungtla Waterfall

Bungtla Waterfall
MaTuPi,Chin state,Myanmar
Taungzalattmay
View my complete profile

Blogger templates

Search This Blog

- Copyright © Taungzalattmay -Robotic Notes- Powered by Blogger - Designed by Johanes Djogan -