Posted by : Taungzalattmay
Thursday, 26 February 2015
မမုန်းတတ်ဘူး
မေမေ့မှာ အမုန်းတရားမရှိဘူး။
ပါးရေတွန့် လိမ်လည်း လှမြဲ လှတဲ့  အပြုံးပိုင်ရှင်
တုနှိုင်းမရဘူး မေမေ့အပြုံး
နွေးထွေးနေဆဲ။
မကြမ်းတမ်းဘူး
စကားကြမ်းလည်း သူမပြောတတ်ဘူး
သားယဉ်ကျေးအောင်
ပညာတတ်အောင်
သူက လက်ဦးဆရာလည်း ဖြစ်လို့ 
နှိုင်းလို့ မရပါဘူး။
ကျေးဇူးတင်ပါတယ်
ဒီစကားလုံးကလွဲပြီး
မေမေ့ကို ကျေးဇူးမဆပ်တတ်ဘူး။
မေမေ ဘုရားသခင်နဲ့  တူတူနေပါစေ။
သား မေမေ့ကို ချစ်တယ်။
သားမေမေ့ကို သတိရတယ်။
သား အဝေးကနေ ကတော့ပါရစေ
မေမေ
သားအပြစ်တွေတွက် ခွင့် လွှတ်ပေးပါ
ကျေးဇူးတင်ပါတယ်မေမေ။ ။
မကြမ်းတမ်းဘူး
စကားကြမ်းလည်း သူမပြောတတ်ဘူး
သားယဉ်ကျေးအောင်
ပညာတတ်အောင်
သူက လက်ဦးဆရာလည်း ဖြစ်လို့ 
နှိုင်းလို့ မရပါဘူး။
ကျေးဇူးတင်ပါတယ်
ဒီစကားလုံးကလွဲပြီး
မေမေ့ကို ကျေးဇူးမဆပ်တတ်ဘူး။
မေမေ ဘုရားသခင်နဲ့  တူတူနေပါစေ။
သား မေမေ့ကို ချစ်တယ်။
သားမေမေ့ကို သတိရတယ်။
သား အဝေးကနေ ကတော့ပါရစေ
မေမေ
သားအပြစ်တွေတွက် ခွင့် လွှတ်ပေးပါ
ကျေးဇူးတင်ပါတယ်မေမေ။ ။
အဲလ်ဘီ(ဇလပ်မြေ)။