စဉ်းစားစရာ

Thursday 26 February 2015
Posted by Taungzalattmay
ငါတို့ ပာာ သေလူတွေ
မသေချင်လို့  စည်းစိမ်ဖက်တွယ်
အကြောင်းပြချက်တွေပေး
လူပာာ သေခြင်းတရားကို ရှောင်လို့  မရဘူး။
ခု မသေချင်ဘူး
နောက်လည်းမသေချင်ဘူး
ဒါဆို ဘုရားကို မကိုးကွယ်နှင့် 
သင့်ကို ဘုရားသခင်ကိုးကွယ်စေ။
လူပာာ သေမျိုး
သေခြင်းတရားမှာ လူတန်းစားမရှိဘူး
ဒီမိုကရေစီ မရှိဘူး
အာဏာရှင်မရှိဘူး
သူဌေးမရှိဘူး
လူဆင်းရဲမရှိဘူး
ဘုရင်လဲ သေမယ်
အရပ်သားလဲ သေမယ်
သေခြင်းတရားပာာ မျက်နှာမလိုက်ဘူး
တနေ့ သင်လည်း သေရမှာအမှန်လေ။
မာနတွေ လျှော့
လောဘတွေ လျှော့
လူလူချင်း ကူညီရင်း
အသက်ရှင်မှု သက်သေထူစို့ 
ကမ္ဘာမြေကြီး ငြိမ်းချမ်းဖို့ ။


အဲလ်ဘီ(ဇလပ်မြေ)။

ဖျားနာနေတဲ့  သဘာဝတရား

Friday 20 February 2015
Posted by Taungzalattmay
ကြည့် ပါလား  အပြိုင်အဆိုင်ပါပဲ
ပာိုတကွက် ဒီတကွက် စွန်းနေတဲ့  အကွက်တွေ
နေ့မအား ညမအား
သူသေကိုယ်သေ တိုက်မလား
မူမမှန်တော့တဲ့  ရာသီဥတုတွေ
ဖျားနာနေတဲ့  ရာသီဥတုတွေ
 ဖန်တီးကြလေပြီ။


                    " ချင်းအမျိုးသားနေ့ " ဖြစ်ပေါ်လာပုံ အကြောင်းရင်း

ချင်းအမျိုးသားနေ့ဟာ သမိုင်းမှတ်တိုင်များထဲက ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အတိုချုပ်အားဖြင့် သမိုင်းနောက်ခံများကို ချင်းလူမျိုးတိုင်းသိအောင် အချက်အလက်များစွာနဲ့ ဖော်ပြပေးပါမယ်။
၁။ ပထမဦးဆုံးမှတ်တိုင်ကတော့ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်ဖြစ်ပါတယ်။ မေမြို့၊ အင်္ဂလိပ်စစ်တပ်အတွင်းမှာရှိတဲ့ ချင်းအမျိုးသားများဖွဲ့စည်းတဲ့ ချင်းအမျိုးသားများရဲ့ ပထမဦးဆုံးသော လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့ "ချင်းအမျိုးသားပညာရေးမြှင့်တင်ရေးအဖွဲ့ " ဖွဲ့စည်းထားတဲ့ နေ့ရက်ဖြစ်ပါတယ်။
၂။ ဒုတိယမှတ်တိုင်ကတော့ ၁၉၂၈ ခုနှစ် ဖေဖဖ်ာဝါရီလ (၂၀) ရက်ဖြစ်ပါတယ်။ မင်းတပ်နယ်၊ လှိယုံးရွာမှာ ချင်းအမျိုးသားများရဲ့ ပထမဦးဆုံးသော နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ " ချင်းတောင်ညီညွတ်ရေးအဖွဲ့ " ဖွဲ့စည်းထားတဲ့ နေ့ရက်ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်၊ မတ်လ (၂၄-၂၅)ရက်၊ မသုံနူးရွာ(မင်းတပ်နယ်) ညီလာခံကနေ " ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ "လို့ အမည်ပြင်ဆင်ခဲ့ပါတယ်။ အဲဒီ ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ (ခမညဖ)ရဲ့ ၁၉၃၄ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ ဝရဲရွာ(မင်းတပ်နယ်) ညီလာခံကနေ အင်္ဂလိပ်အစိုးရကို ရာဇသံ (၉) ချက်ပေးထားပါတယ်။
၃။ တတိယမှတ်တိုင်ကတော့ ၁၉၃၈ ခုနှစ်၊ ဖေဖဖ်ာဝါရီလ (၂၀)ရက်ဖြစ်ပါတယ်။ အဲဒီ ခမညဖရဲ့ တောင်းဆိုချက် (၉)ရပ်နဲ့ ပါတ်သက်ပြီး အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနဲ့ ခမညဖဦးစီးတဲ့ ချင်းလူထုသုံးထောင်ကျော်တို့ ကန်ပက်မြို့မှာ တွေ့ဆုံပွဲကျင်းပတဲ့နေ့၊ တောင်းဆိုချက် (၉)ရပ်ကို အင်္ဂလိပ်အစိုးရက တခုမျှမလိုက်လျောနိုင်ကြောင်း ကြေငြာတာနဲ့ ချင်းလူထုက ချက်ချင်းသပိတိမှောက် မောင်းထုတ်တဲ့နေ့ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုယ်စားလှယ်များ ညတွင်းချင်း ဆောမြို့ (မကွေးတိုင်း)သို့ ထွက်ပြေးကြရတယ်။
၎။ စတုတ္ထမှတ်တိုင်ကတော့ ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက် ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရက ခမညဖအဖွဲ့ကို မတရားအသင်းကြေငြာပြီး ဦးဝမ္မသူးမောင်းအပါအဝင် ခမညဖခေါင်းဆောင် (၉)ဦး စတင်ဖမ်းဆီးတဲ့နေ့ ဖြစ်ပါတယ်။ ကန်ပက်လက်မြို့မှာ အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များကို သပိတ်မှောက်မောင်းထုတ်တဲ့ကိစ္စနဲ့ ပါတ်သက်ပြီး အင်္ဂလိပ်အစိုးရက "တစ်နှစ်" အချိန်ယူပြင်ဆင်ပြီး ဖမ်းဆီးထောင်ချတာဖြစ်တယ်။
၅။ ပဉ္စမနဲ့နောက်ဆုံးမှတ်တိုင်ကတော့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်ဖြစ်ပါတယ်။ ဖလမ်းမြို့မှာ ၁၉၄၈ ဖေဖော်ဝါရီလ (၁၉-၂၂)ကျင်းပတဲ့ ချင်းဝိသေသတိုင်းလုံးဆိုင်ရာညီလာခံမှာ "တိုက်သူကြီးများ ဖြုတ်ချပြီး လူထုရွေးချယ်သည့်ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်ရန်" ဆိုတဲ့ အဆိုအမှတ်(၄) တင်သွင်း၊ ထောက်ခံတဲ့နေ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို စတင်တဲ့နေ့ဖြစ်ပါတယ်။
……> ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအစည်းအဝေးကို ၁၉၅၀ပြည့်နှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၊ ရန်ကုန်မြို့မှာ ချင်းရေးရာကောင်စီက ကျင်းပခဲ့ပါတယ်။ အထက်ပါ သမိုင်းနောက်ခံတွေရှိတဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ရွေးချယ်ကြပြီး ဒီမိုကရေစီရေးစနစ် ချမှတ်ရန်ဆိုတဲ့ အဆိုအမှတ် (၄)တင်သွင်း၊ ထောက်ခံ၊ ဆုံးဖြတ်တဲ့နေ့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို သတ်မှတ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ကြပါတယ်။ ချင်းအမျိုးသားနေ့ အခမ်းအနားကို ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ မင်းတပ်မြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု တက်ရောက်ခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ (၆၇)နှစ်မြောက်တိုင်လေပြီ။ ဆက်လက်ပြီး ထိန်းသိမ်းဖို့ရန် မျိုးဆက်သစ်များရဲ့ တာဝန်ဖြစ်လေပြီ။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် မဟာလူမျိုးကြီးဝါဒသမားများမှ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့အဖြစ် အတင်းကျင်းပခိုင်းတာကို အားလုံးအသိပင်ဖြစ်ပါတယ်။ အမျိုးသားနေ့ဆိုတာ လူမျိုးတစ်မျိုးဖြစ်ကြောင်းကို အခိုင်အမာဖော်ပြခြင်း ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဆိုတာ သူပိုင်တဲ့ (Land)ရှိတယ်ဆိုတာ အားလုံးကသိဖို့လိုအပ်ပါတယ်။
၁၈ .၂ .၂၀၁၅
ဆလိုင်း ချစ်သူ 



Credit; ဆလိုင်းချစ်သူ facebook မှ 
 လာလမ်းက  လွယ်တယ်
ပြန်ရန်ခက်တဲ့  အိမ်အပြန်လမ်းပာာ
အလွမ်းတွေကို စုပုံစေခဲ့ တယ်။
မေ့ မရတဲ့  နေ့ 
မေ့မရတဲ့  နေရာ
မေ့မရတဲ့  အရာတွေက
တနုံ့ နုံ့  ငါ့ ရင်မှာ  လေပာတ်
အိမ်ပြန်ချိန်တမ်းတမိပေါ့  ။
 အဲလ်ဘီ(ဇလပ်မြေ)။









ပန်းများပွင့် စေ
ငြိမ်းချမ်းပါစေ 



   


်facebook  မှ ကူးယူသည့်  ပုံတွေ ဖြစ်သည့် အတွက် credit ပိုင်ရှင်ကိုမေ့ပျောက်ထားသည့် အတွက်   ထည့်သွင်းမထားတော့ပါ။ အနူးညွတ်တောင်းပန်အပ်ပါသည်။ 




Friday 23 January 2015
Posted by Taungzalattmay
Welcome to My Blog

ငွေလဲနှုန်း/ငွေဈေး

မြန်မာ ဘလော့ များ

http://www.aungsanmks.com/

လယ်တီမြေသား

http://ledimye.blogspot.com/

Popular Post

Pages

Visitors အလည်လာ မိတ်ဆွေများ

အဲလ်ဘီ(ဇလပ်တော). Powered by Blogger.

Bungtla Waterfall

Bungtla Waterfall
MaTuPi,Chin state,Myanmar
Taungzalattmay
View my complete profile

Blogger templates

Search This Blog

- Copyright © Taungzalattmay -Robotic Notes- Powered by Blogger - Designed by Johanes Djogan -